THEFACESHOP customer များ အားလုံး မျက်နှာလေး ကြည်လင်ပြီး လှနေဖို့အတွက်လျှို့ဝှက်ချက်လေးကို ပြောပြချင် ပါတယ်။
....
၁။ မျက်လုံးမှာဆိုးထားတဲ့ mascara ၊ eyeshadow ၊ eyeliner နဲ့ နှုတ်ခမ်းနီ
တွေကို lip&eye remover လေးကို အသုံး ပြုပြီး အရင်ဆုံးဖျက်ပေးရပါ မယ်။
အထူးသဖြင့် waterproof mascara နဲ့ eyeliner တွေက facial foam
နဲ့သစ်ရုံနဲ့ မပြောင်ပါဘူး။အဲ့အတွက်ကြောင့် မို့လို့ lip&eye remover
ကို ဂွမ်းလေးနဲ့ ဆွတ်ပြီးတော့ ဖြေးညှင်း စွာဖျက်ပေးရပါမယ်။
၂။ ပြီးတဲ့နောက် cleansing cream ကိုဂွမ်းနဲ့တို့ပြီး မျက်နှာပေါ်ရှိ မိတ်ကပ်တွေကို အသာအယာ ပွတ်ပြီး ဖျက် ပေးရပါမယ်။
၃။ နောက်ဆုံးအဆင့် အနေနဲ့ facial foam ကို အသုံးပြုပြီး မျက်နှာသစ်ပေးရမှာဖြစ် ပါတယ်။ မိမိအသားအရေ အမျိုးအစား ကိုလိုက် ပြီး facial foam ကို ရွေးချယ်အသုံးပြုရပါမယ်။
ဒီလိုမျိုးလေး နေ့စဉ် မျက်နှာသစ်ပေးခြင်း အား ဖြင့် မျက်နှာ မှာ ရှိတဲ့ ချွေးပေါက်တွေမပိတ်တော့ဘဲ ကြည်လင် ၀င်းပ တဲ့ မျက်နှာကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။
အထူးသဖြင့် မျက်နှာအသားအရေဟာ ညဘက်မှာ cell အသစ် များ ပြန်လည် မွေးဖွားသည့် အတွက်ကြောင့် သေချာ သန့်ရှင်းထားမှသာ ၀က်ခြံ နဲ့ အမည်းစက်တွေ မဖြစ်လာနိုင် အောင် ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
...
THEFACESHOP customer များ မိတ်ကပ်ဖျက်ဖို့ မပျင်းကြပါနဲ့နော် လို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။

0 comments:
Post a Comment